Home » Activities Plan

Activities Plan

ပညာရည်မြင့်မားရေးဆိုင်ရာဆောင်ရွက်ချက်များ
                  တက္ကသိုလ်၏ပညာရည်မြင့်မားရေးအတွက် ကျောင်းသား/သူများအား စာတွေ့နှင့် လက်တွေ့ဆက်စပ်နားလည်သဘောပေါက်နိုင်ရန်၊ လက်တွေ့သင်ထောက်ကူပစ္စည်းများနှင့် ထိတွေ့ရင်းနှီးကိုင်တွယ်အသုံးပြုနိုင်ရန်၊ လက်တွေ့နှင့်ယှဉ်၍ တွေးခေါ်နိုင်မှု အရည်အသွေး မြင့်မားလာစေရန် ဆရာ/မများမှ ကြိုးစားသင်ကြားပြသလျှက်ရှိပါသည်။ ၀န်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေးအတွက် ဆရာ/မများနှင့်ကျောင်းသား/သူများ စုပေါင်း၍ ကျောင်းစာသင်ခန်းများနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ၀င်းမှူးအဖွဲ့မှ သန့်စင်ခန်းများနှင့် ကျောင်း၀န်းအတွင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ပြုလုပ်ပါသည်။ လူမှုရေးဆောင်ရွက်ချက်များအနေဖြင့် ဆရာ/မများ၊ ၀န်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ များ စုပေါင်း၍ ရွှေဘုန်းမြင့်ဘုရားစေတီတော်တွင် အပတ်စဉ်ကြာသပတေးနေ့တိုင်း ဘုရား ရင်ပြင်တော်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စုပေါင်းသွေးလှူဒါန်းပွဲများပြုလုပ်ခြင်း၊ ဘာသာရေး ပွဲတော်များဖြစ်သောဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်ပွဲပြုလုပ်ခြင်း၊ ဝါတွင်းကာလတွင် မြို့တွင်းသံဃာအားလုံး အာရုံဆွမ်းဆက်ကပ်လောင်းလှူခြင်း၊ ဆွမ်းဆန်စိမ်းများလောင်း လှူခြင်းများ ပြုလုပ်ပါသည်။

civil

          ပုံ- မြို့ပြအင်ဂျင်နီယာဘာသာရပ်များလက်တွေ့သင်ကြားပေးနေပုံ

1

ပုံ-အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်များ လက်တွေ့သင်ကြားပေးနေပုံ

ec

ပုံ-လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်များ လက်တွေ့သင်ကြားပေးနေပုံ

ep

ပုံ- စက်မှုအင်ဂျင်နီယာဘာသာရပ်များအား လက်တွေ့သင်ကြားနေပုံ